လွန်ခဲ့တဲ့ ၁၃နှစ်ကျော်လောက်က စာအုပ်တစ်အုပ်ဖတ်ဖူးတယ်။ ကောင်းလွန်းလို့ ခုထိတောင်မမေ့ဘူး။ Eward De Bono ရေးတဲ့ Lateral Thinking ဆိုတဲ့စာအုပ်ကို ဆရာတာက ဖြန့်ထွက်တွေးခြင်း ဆိုတဲ့အမည်နဲ့ မိတ်ဆက်ပေးထားတာ။
အတော်များများလဲ ဖတ်ခဲ့ ဖူးမှာပါ။ကျွန်တော့်ရဲ့ အသိဥာဏ်တံခါး တစ်ချပ်ကို ဖွင့်ပေးခဲ့လို့ ဆရာတာကိုခုထိ ကျေးဇူးတင်မဆုံးပါဘူးဗျာ။
ကျွန်တော်တို့ တွေးလေးတွေးထရှိတဲ့ ဘောင်ထဲက ဖောက်ထွက်ပြီး ဖြန့်ထွက်ပြီးတွေးဖို့ ဥပမာတွေပေးပြီး သင်ပြထားပါတယ်။ ငွေချေးတဲ့ အဖိုးကြီးနဲ့ မိန်းမလှလေးပုံပြင်ကလဲ စိတ်ဝင်စားစရာပါ။ ကောင်မလေးရဲ့ အဖေက အဖိုးကြီးဆီက ငွေချေးပြီး ပြန်မဆပ်နိုင်တဲ့အခါ အဖိုးကြီးက ကောင်မလေးကို အကြွေးနဲ့သိမ်းချင်တော့ ဒီလိုဥာဏ်ဆင်ပါတယ်။ကောင်မလေးကို ကျောက်ခဲ အဖြူ အမဲ ရွေးခိုင်းတယ်။ ကျောက်ခဲ အဖြူကိုရွေးမိရင် အကြွေးလျှော်ပြစ်မယ်၊ ကောင်မလေးကိုလဲ ဘာမှမလုပ်။ အဲ.. ကျောက်ခဲ အမဲကိုရွေးမိရင်တော့ ကြွေးတော့လျှော်ပြစ်မယ် ဒါပေမဲ့ ကောင်မလေးကတော့ သူ့ကိုယူရမယ်။ ဒါမှမဟုတ် ခေါင်းမာပြီးမရွေးရင်တော့ အဖေကြီးကို တရားဆွဲထောင်ချမယ်ပေါ့။
